Vue Currency By Country
Jan 17, 2024
Cash flow သို့ finance ပိုင်းဆိုင်တဲ့ project တွေ လုပ်ရတဲ့အခါ
နိုင်ငံအလိုက် ငွေကြေး အမျိုးအစား အချက်အလက် တွေ
ထည့်သွင်းရွေးချယ်ရတဲ့ function က
Project ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍဆီကို
မဖိတ်ခေါ်ဘဲ ရောက်လာလေ့ရှိပါတယ်။
ငွေကြေးအမျိုးအစား အချက်အလက် ဆိုရာမှာ
- နိုင်ငံ နာမည် (country_name)
- ငွေကြေး နာမည် (currency_name)
- ငွေကြေး နာမည်အတိုကောက် (currency_short)
- ငွေကြေး သင်္ကေတ (currency_sysmbol)
တို့ပါရှိပြီး ယင်းတို့ကို
system ထဲ ထည့်သွင်းသိမ်းဆည်းဖို့ လိုအပ်လာပါတယ်။
ထိုင်းနိုင်ငံ ဆိုရင်
ငွေကြေး နာမည် ကို Thai Baht ၊
ငွေကြေး နာမည်အတိုကောက် ကို THB၊
ငွေကြေး သင်္ကေတ ကိုတော့ ฿ လို့ သုံးပါတယ်။
ကျနော်တို့ system ထဲ ထည့်ရမယ့် ငွေကြေးအမျိုးအစားအချက်အလက် တစ်ခုချင်းဆီကို input တစ်ခုနဲ့ ထည့်ရမယ့်ဆိုရင် google ခေါက်တာနဲ့ ကို
အတော် ပင်ပန်း ပါတယ်။
ကိုးရီးယား ၀မ်၊ ဂျပန် ယမ်း၊ တရုတ် ယွမ်တို့လို ငွေကြေးနာမည် တွေက
လူတိုင်းနဲ့ ရင်းနှီးလို့ သိနေပေမယ်
ငွေကြေးနာမည် အတိုကောက်တွေ၊ ငွေကြေး သင်္ကေတ လိုလာရင် google ခေါက်ရပါတော့မယ်။
အာဖကန် နစ်စတန် နိုင်ငံရဲ့ ငွေကြေးအမျိုးအစားအချက်အလက်ဆို
ဘယ်သူမှ ကိုသိတော့မှာ မဟုတ်ပါဘူး။
ဒီ pain point က လျှောက်ကလိနေတဲ့
ကျနော့် Project တစ်ခု မှာ ကြုံလာတော့ အလွယ်နည်းအနေနဲ့ သူများရေးပြီးသား
Open Source Library တွေ လိုက်ရှာကြည့်ပါတယ်။
နေ့၀က်လောက် လိုက်ရှာပြီး မတွေ့တော့ ကိုယ့်ဘာသာဘဲ ရေးမယ်ဆိုပြီး
ခု ကျနော့် Library (Vue Currency By Country) ကိုရေးဖြစ်သွားပါတယ်။
ပြီးတော့ Finance Sector ရဲ့ တစ်ချို့ application တွေမှာ ဒီလို ငွေကြေးအမျိုးအစားအချက်လေးတွေကို ရွေးလို့ရတဲ့ function ကို
သုံးထားကြတာတွေ့ပေမယ့် Open Source မရှိသေးတော့ Open Source ထုတ်ပေးလိုက်ပါတယ်။
ကျနော့် Library (Vue Currency By Country) က နိုင်ငံ နာမည်၊ ငွေကြေး နာမည်၊ ငွေကြေး နာမည်အတိုကောက်၊ ငွေကြေး သင်္ကေတ ကြိုက်တာနဲ့ search လုပ်ပြီး ငွေကြေးအချက်အလက်ကို
စိတ်ကြိုက် ရွေးနိုင်ပါမယ်
- ငွေကြေး နာမည် ဖြစ်တဲ့ Thai Baht ကိုအသုံးပြုပြီး search လုပ်လုပ်၊
- နိုင်ငံ နာမည် ဖြစ်တဲ့ Thailand ကိုအသုံးပြုပြီး search လုပ်လုပ်၊
- ငွေကြေး နာမည်အတိုကောက် ဖြစ်တဲ့ THB ကိုအသုံးပြုပြီး search လုပ်လုပ်၊
- ငွေကြေး သင်္ကေတ ဖြစ်တဲ့ ฿ ကိုအသုံးပြုပြီး search လုပ်လုပ်
ဘာဘဲလိုလို Vue Currency By Country ရှိတယ် ဆိုလို့ရအောင်ကို
ထိုင်းနိုင်ငံရဲ့ ငွေကြေးအမျိုးအစားရဲ့ အချက်အလက် အစုံ ကို ရရှိမှာ ဖြစ်ပြီး
ယင်းအချက်အလက်အစုံ ကို လိုအပ်သလို ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီ Library (Vue Currency By Country) ဟာ
ကျနော် favorite framework ဖြစ်တဲ့ vuejs အတွက် ထုတ်လုပ်ထားတာဖြစ်ပြီး
Community ကနေ တောင်းဆို လာရင်တော့ reactjs အတွက် ဆက်ထုတ်ပေးပါမယ်။
လိုအပ်တဲ့
npm package link တွေ
Github repo link တွေ
Library ကို demo စမ်းဖို့ hosting လုပ်ထားတဲ့ github page link တွေကို
အောက်မှာ ချပေးထားပါတယ်
Latest projects
Currencies By Country
Jan 31, 2025
React Telegram Sticker Viewer
Oct 20, 2024
Vue Currency By Country
Jan 17, 2024